ျမန္မာ့အေရး ႏိုင္ငံတကာ အဖြဲ႔တစ္ဖြဲ႔ ဖြဲ႔စည္းဖို႔ ကုလ လူ႔အခြင့္အေရး အႀကီးအကဲ တိုက္တြန္း

0
212

ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္အေရးအတြက္ အေထာက္အထားေတြ ရွာေဖြေဆာင္ရြက္ေရး ႏိုင္ငံတကာ အဖြဲ႔တစ္ဖြဲ႔ ဖြဲ႔စည္းဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး မစ္ရွဲ ဘက္ရွေလက ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကို တိုက္တြန္းလိုက္ပါတယ္။

မစၥ ဘက္ရွေလက လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး တာဝန္ကို စက္တင္ဘာ ၁ ရက္ေန႔မွာ ယူၿပီးေနာက္ ဂ်နီဗာရွိ လူ႔အခြင့္အေရးေကာင္စီမွာ မေန႔ စက္တင္ဘာ ၁၀ ရက္က ပထမဆံုး မိန္႔ခြန္းေျပာခဲ့တာ ျဖစ္တယ္လို႔ Reuters သတင္းမွာ ေဖာ္ျပထားပါတယ္။

သူက ရခိုင္ျပည္နယ္မွာ တိုက္ခိုက္မႈနဲ႔ ညဥ္းပမ္းႏွိပ္စက္မႈေတြ ဆက္ျဖစ္ႏိုင္ေၾကာင္း၊ စံုစမ္းစစ္ေဆးသူေတြက ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္တို႔မွာလည္း သတ္ျဖတ္မႈ၊ ႏွိပ္စက္မႈ၊ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြ ျဖစ္ေပၚခဲ့တာကို ေတြ႔ရွိခဲ့ေၾကာင္း ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ကို ဘဂၤါလီေတြ ထြက္ေျပးရမႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုး (ICC) က ေရွ႕ဆက္လုပ္ေဆာင္မယ္ ဆိုတဲ့ ဆံုးျဖတ္ခ်က္ကို ႀကိဳဆိုေၾကာင္းလည္း မစၥ ဘက္ရွေလက ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့အရေး နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ကုလ လူ့အခွင့်အရေး အကြီးအကဲ တိုက်တွန်း

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးအတွက် အထောက်အထားတွေ ရှာဖွေဆောင်ရွက်ရေး နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲ ဘက်ရှလေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

မစ္စ ဘက်ရှလေက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တာဝန်ကို စက်တင်ဘာ ၁ ရက်နေ့မှာ ယူပြီးနောက် ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီမှာ မနေ့ စက်တင်ဘာ ၁၀ ရက်က ပထမဆုံး မိန့်ခွန်းပြောခဲ့တာ ဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

သူက ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုနဲ့ ညဉ်းပမ်းနှိပ်စက်မှုတွေ ဆက်ဖြစ်နိုင်ကြောင်း၊ စုံစမ်းစစ်ဆေးသူတွေက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာလည်း သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ဘင်္ဂါလီတွေ ထွက်ပြေးရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) က ရှေ့ဆက်လုပ်ဆောင်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းလည်း မစ္စ ဘက်ရှလေက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)