ကိုရီးယားျပန္ ျမန္မာလုပ္သားေတြ ျပည္တြင္းက လုပ္ငန္းေတြမွာ အလုပ္ျပန္ရဖို႔ အခက္အခဲ ရွိေန (႐ုပ္/သံ)

0
225

ကုိရီးယားျပန္ျမန္မာလုပ္သားေတြ ျပည္တြင္းရွိကုိရီးယားနုိင္ငံသားပုိင္ လုပ္ငန္းေတြမွာ အလုပ္ကိုင္ျပန္လည္ရ ရွိႏုိင္ဖို႔ အခက္အခဲေတြရွိေနပါတယ္။ ဒီသတင္းကုိေတာ့ MCN သတင္းေထာက္ မင္းျပည့္ႏုိင္ က ေပးပုိ႔ထားၿပီး သႏၱာမုိးက တင္ဆက္ေပးထားပါတယ္။

ကုိရီးယားႏုိင္ငံသားပုိင္လုပ္ငန္းေတြ ျပည္တြင္းမွာလာေရာက္ဖြင့္လွစ္ခဲ့ေပမယ့္ ကုိရီးယားႏုိင္ငံမွာသြားေရာက္ လုပ္ကုိင္ခဲ့တဲ့ ျမန္မာလုပ္သားေတြအေနနဲ႔ အလုပ္အကုိင္ကြာျခားမႈေတြရွိေနတာေၾကာင့္ ျပည္တြင္းမွာအလုပ္ အကုိင္ျပန္လည္ရရွိဖို႔ အခက္အခဲေတြရွိေနေသးတယ္လုိ႔ ကိုရီးယားျပန္ျမန္မာ လုပ္သားေတြကေျပာပါတယ္။

စက္တင္ဘာ ၁၀ ရက္ေန႔က ကုိရီးယားျပန္ ျမန္မာအလုပ္သမားေတြကုိ ျပည္တြင္းရွိ ကုိရီးယားႏုိင္ငံသား ပုိင္ လုပ္ငန္းေတြ မွာ ခန္႔အပ္ႏုိင္ေရး ေဆြးေႏြးပြဲကုိ ရန္ကုန္ၿမဳိ႕ Lotte ဟုိတယ္မွာ ျပဳလုပ္ခဲ့ပါတယ္။

Soundbite ကုိျပည္စုိး ( ကုိရီးယားျပန္ ျမန္မာအလုပ္သမား)

ျပည္တြင္းမွာ လာေရာက္လုပ္ကုိင္ေနတဲ့ ကုိရီးယားႏုိင္ငံသားပုိင္လုပ္ငန္းေတြမွာ ျပန္လည္လုပ္ကုိင္ႏုိင္ေစဖုိ႔ ကုိရီးယားႏုိင္ငံမွာ လုပ္ေရာက္လုပ္ကုိင္ခဲ့တဲ့ အေတြ႔အႀကဳံရွိ ျမန္မာအလုပ္သမားေတြကုိ အလုပ္ခန္႔အပ္ႏုိင္ေရး ျပန္လည္ေခၚယူ ေဆြးေႏြးတာျဖစ္ၿပီး အလုပ္အကုိင္ရရွိတဲ့သူေတြအတြက္ အခက္အခဲေတြကုိ လုပ္ငန္းခြင္ ေရာက္မွ သိရွိရမွာျဖစ္တယ္လုိ႔ အစုိးရ ျပည္ပအလုပ္အကုိင္ရွာေဖြေရးေအဂ်င္စီ က ေျပာပါတယ္။

Soundbite ေဒၚသင္းသင္းလြင္ (လက္ေထာက္ညႊန္ၾကားေရးမွဴး)
အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန ၊အစုိးရ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီ

ျမန္မာႏုိင္ငံကေန ကုိရီးယားႏုိင္ငံကုိ ႏွစ္ႏုိင္ငံအစုိးရအခ်င္းခ်င္း သေဘာတူညီေစလႊတ္မႈစနစ္ (EPS)နဲ႔ သြားေရာက္ လုပ္ကုိင္ခဲ့ၿပီး လုပ္သက္ျပည့္ၿပီး ျမန္မာႏုိင္ငံကုိျပန္လည္ေရာက္ရွိလာတဲ့သူဦးေရ ၁၀၀ ေက်ာ္ ရွိတဲ့ အနက္ ၇၀ ေက်ာ္သာ ျပည္တြင္းမွာ လုပ္ကုိင္ရမယ့္ အလုပ္အကိုင္ေဆြးေႏြးပြဲကုိ တက္ေရာက္ခဲ့ပါတယ္ ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုရီးယားပြန်မြန်မာလုပ်သားတွေ ပြည်တွင်းရှိကိုရီးယားနိုင်ငံသားပိုင် လုပ်ငန်းတွေမှာ အလုပ်ကိုင်ပြန်လည်ရ ရှိနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင် က ပေးပို့ထားပြီး သန္တာမိုးက တင်ဆက်ပေးထားပါတယ်။

ကိုရီးယားနိုင်ငံသားပိုင်လုပ်ငန်းတွေ ပြည်တွင်းမှာလာရောက်ဖွင့်လှစ်ခဲ့ပေမယ့် ကိုရီးယားနိုင်ငံမှာသွားရောက် လုပ်ကိုင်ခဲ့တဲ့ မြန်မာလုပ်သားတွေအနေနဲ့ အလုပ်အကိုင်ကွာခြားမှုတွေရှိနေတာကြောင့် ပြည်တွင်းမှာအလုပ် အကိုင်ပြန်လည်ရရှိဖို့ အခက်အခဲတွေရှိနေသေးတယ်လို့ ကိုရီးယားပြန်မြန်မာ လုပ်သားတွေကပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့က ကိုရီးယားပြန် မြန်မာအလုပ်သမားတွေကို ပြည်တွင်းရှိ ကိုရီးယားနိုင်ငံသား ပိုင် လုပ်ငန်းတွေ မှာ ခန့်အပ်နိုင်ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ Lotte ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

Soundbite ကိုပြည်စိုး ( ကိုရီးယားပြန် မြန်မာအလုပ်သမား)

ပြည်တွင်းမှာ လာရောက်လုပ်ကိုင်နေတဲ့ ကိုရီးယားနိုင်ငံသားပိုင်လုပ်ငန်းတွေမှာ ပြန်လည်လုပ်ကိုင်နိုင်စေဖို့ ကိုရီးယားနိုင်ငံမှာ လုပ်ရောက်လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိ မြန်မာအလုပ်သမားတွေကို အလုပ်ခန့်အပ်နိုင်ရေး ပြန်လည်ခေါ်ယူ ဆွေးနွေးတာဖြစ်ပြီး အလုပ်အကိုင်ရရှိတဲ့သူတွေအတွက် အခက်အခဲတွေကို လုပ်ငန်းခွင် ရောက်မှ သိရှိရမှာဖြစ်တယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ က ပြောပါတယ်။

Soundbite ဒေါ်သင်းသင်းလွင် (လက်ထောက်ညွှန်ကြားရေးမှူး)
အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ၊အစိုးရ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ

မြန်မာနိုင်ငံကနေ ကိုရီးယားနိုင်ငံကို နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီစေလွှတ်မှုစနစ် (EPS)နဲ့ သွားရောက် လုပ်ကိုင်ခဲ့ပြီး လုပ်သက်ပြည့်ပြီး မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့သူဦးရေ ၁၀ဝ ကျော် ရှိတဲ့ အနက် ၇၀ ကျော်သာ ပြည်တွင်းမှာ လုပ်ကိုင်ရမယ့် အလုပ်အကိုင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ် ရှင်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)