ရခိုင္မတည္ၿငိမ္မႈအတြက္ မြတ္စလင္ အၾကမ္းသမားေတြကို တ႐ုတ္သံအမတ္ အျပစ္တင္

0
328

ဘဂၤလားေဒ့ရွ္ဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မာ မင္ကင္က ရခိုင္ျပည္နယ္မွာ ႀကီးထြားလာေနတဲ့ အၾကပ္အတည္းအတြက္ မြတ္စလင္ အၾကမ္းဖက္သမားေတြကို ျပစ္တင္ေျပာဆိုလိုက္ပါတယ္။

ရွီယာအီဘန္ဂလာ နာဂါၿမိဳ႕မွာ ျပဳလုပ္တဲ့ စီးပြားေရးဆက္ဆံေရးဌာနက အစီအစဥ္တစ္ခုကို တက္ေရာက္ၿပီး သတင္းစာရွင္းလင္းပြဲမွာ ေမးခြန္းေတြကို ေျဖရွင္း တ႐ုတ္သံအမတ္ႀကီးက ေျပာဆိုသြားတာ ျဖစ္ပါတယ္။

ရဲကင္းေတြနဲ႔ စစ္အေျခစိုက္ ေနရာေတြကို မြတ္စလင္ အၾကမ္းဖက္သမားေတြက စတင္တိုက္ခိုက္ရာက ျဖစ္ပြားတဲ့ ပဋိပကၡေၾကာင့္ မြတ္စလင္ေတြ နယ္စပ္ကို ထြက္ေျပးရတာ ျဖစ္တယ္လို႔ တ႐ုတ္သံအမတ္က မွတ္ခ်က္ေပးပါတယ္။ ဘဂၤလားေဒ့ရွ္ႏို္င္ငံဟာလည္း နယ္စပ္မွာ ဒုကၡသည္ေတြ မ်ားျပားလာတဲ့ ျပႆနာကို ရင္ဆိုင္ခံစားေနရပါတယ္လို႔လည္း သံအမတ္ႀကီးက ေျပာပါတယ္။

ရခိုင္ျပည္နယ္က အၾကမ္းဖက္မႈ အေရးေၾကာင့္ တ႐ုတ္ႏိုင္ငံအဖို႔လည္း ထိခိုက္ရေၾကာင္း၊ ရခိုင္ျပည္နယ္မွာ တ႐ုတ္ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ရွိေနေၾကာင္း၊ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္၊ အိႏၵိယ၊ ျမန္မာ BCIM စီးပြားေရးစႀကႍ စီမံကိန္းကိုလည္း ျပန္စလိုေၾကာင္း ေျပာခဲ့ပါတယ္။

ရခိုင္ျပည္နယ္ အၾကပ္အတည္းေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ နယ္စပ္ကို ထြက္ေျပးတဲ့ မြတ္စလင္ ၃ သိန္းအထိ ရွိသြားၿပီျဖစ္ပါတယ္။
…………………………………………………။ ။ …………………………………………..

ရခိုင်မတည်ငြိမ်မှုအတွက် မွတ်စလင် အကြမ်းသမားတွေကို တရုတ်သံအမတ် အပြစ်တင်

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီး မာ မင်ကင်က ရခိုင်ပြည်နယ်မှာ ကြီးထွားလာနေတဲ့ အကြပ်အတည်းအတွက် မွတ်စလင် အကြမ်းဖက်သမားတွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။

ရှီယာအီဘန်ဂလာ နာဂါမြို့မှာ ပြုလုပ်တဲ့ စီးပွားရေးဆက်ဆံရေးဌာနက အစီအစဉ်တစ်ခုကို တက်ရောက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းတွေကို ဖြေရှင်း တရုတ်သံအမတ်ကြီးက ပြောဆိုသွားတာ ဖြစ်ပါတယ်။

ရဲကင်းတွေနဲ့ စစ်အခြေစိုက် နေရာတွေကို မွတ်စလင် အကြမ်းဖက်သမားတွေက စတင်တိုက်ခိုက်ရာက ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် မွတ်စလင်တွေ နယ်စပ်ကို ထွက်ပြေးရတာ ဖြစ်တယ်လို့ တရုတ်သံအမတ်က မှတ်ချက်ပေးပါတယ်။ ဘင်္ဂလားဒေ့ရှ်နိ်ုင်ငံဟာလည်း နယ်စပ်မှာ ဒုက္ခသည်တွေ များပြားလာတဲ့ ပြဿနာကို ရင်ဆိုင်ခံစားနေရပါတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှု အရေးကြောင့် တရုတ်နိုင်ငံအဖို့လည်း ထိခိုက်ရကြောင်း၊ ရခိုင်ပြည်နယ်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ BCIM စီးပွားရေးစင်္ကြံ စီမံကိန်းကိုလည်း ပြန်စလိုကြောင်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် အကြပ်အတည်းတွေကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထွက်ပြေးတဲ့ မွတ်စလင် ၃ သိန်းအထိ ရှိသွားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)