အၾကမ္းဖက္သမားနဲ႔ ညိႇႏႈိင္းမွာ မဟုတ္လို႔ အတိုင္ပင္ခံ႐ံုး ညႊန္ခ်ဳပ္ ေျပာ

0
309

အၾကမ္းဖက္သမားေတြနဲ႔ ညိႇႏိႈင္းေဆာင္ရြက္မယ့္ မူ၀ါဒမရွိဘူးလို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံရံုး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး က စက္တင္ဘာ ၁၀ ရက္က သူ႔ တြစ္တာမွာ ေရးသားထားပါတယ္။

ARSA အစြန္းေရာက္ အၾကမ္းဖက္ အဖြဲ႕အစည္းက စက္တင္ဘာ ၉ ရက္မွာ သူတို႔ တြစ္တာကေန တလၾကာ ပစ္ခတ္တိုက္ခိုက္မႈ ရပ္နားထားမယ္လို႔ ေျပာဆိုခဲ့အျပီး အတိုင္ပင္ခံရံုး ၫႊန္ၾကားေရးမွဴးခ်ဳပ္က ခုလို ေရးသားလာတာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ေမာင္ေတာ၊ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ျမိဳ႔နယ္မ်ားမွာ ARSA အၾကမ္းဖက္အုပ္စုရဲ႕ တိုက္ခိုက္ခံရတဲ့ ေဒသခံ ျပည္သူမ်ားအတြက္ လူ သားခ်င္းကူညီစာနာမႈ အေထာက္ အပံ့မ်ား ဆက္လက္ေထာက္ပ့ံႏိုင္ေရး အစိုးရက ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ ေနတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။
(USA)
………………………………..။ ။ ………………………………….

အကြမ်းဖက်သမားနဲ့ ညှိနှိုင်းမှာ မဟုတ်လို့ အတိုင်ပင်ခံရုံးညွှန်ချုပ် ပြော

အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ့် မူဝါဒမရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က စက်တင်ဘာ ၁၀ ရက်က သူ့ တွစ်တာမှာ ရေးသားထားပါတယ်။
ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းက စက်တင်ဘာ ၉ရက်မှာ သူတို့ တွစ်တာကနေ တလကြာပစ်ခတ်တိုက်ခိုက်မှု ရပ်နားထားမယ်လို့ ပြောဆိုခဲ့အပြီး အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်က ခုလို ရေးသားလာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်များမှာ ARSAအကြမ်းဖက်အုပ်စုရဲ့ တိုက်ခိုက်ခံရတဲ့ ဒေသခံပြည်သူများအတွက် လူ သားချင်းကူညီစာနာမှု အထောက် အပံ့များ ဆက်လက်ထောက်ပံ့နိုင်ရေး အစိုးရက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)