အစ္စလာမ် ဘာသာရေးအဖွဲ့က ARSA အုပ်စုကို ရှုတ်ချ

0
280

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင် ရှုတ်ချတယ်လို့ စက်တင်ဘာ ၉ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်ထဲမှာ အကြမ်းဖက် လုပ်ရပ်တွေကို ကာကွယ်တားဆီးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးဟာ အစိုးရ အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံ နိုင်ငံသား ပြည်သူများ အားလုံးနဲ့အတူ တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အစ္စလာမ် ဘာသာဝင်များ အနေနဲ့ ဘာသာရေး ပုတ်ခတ်စော်ကားမှုများ၊ လှုံ့ဆော်မှုများ၊ လုပ်ကြံ သတင်းလွှင့်မှုများကို လက်ခံယုံကြည်ခြင်း၊ ဖြန့်ဝေခြင်း၊ စိတ်လိုက်မာန်ပါ တုံ့ပြန်ခြင်းများ မပြုလုပ်ကြဖို့၊ ပတ်ဝန်းကျင်မှာ အဖျက်အမှောက် လုပ်ရပ်များ မသင်္ကာဖွယ်ရာ တွေ့ရှိပါက နီးစပ်ရာ အစိုးရ အုပ်ချုပ်ရေး အဖွဲ့များသို့ အချိန်မီ အသိပေး အကြောင်းကြားဖို့လည်း ပန်ကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)