JICM အကြိုညှိနှိုင်း အစည်းအဝေး နေပြည်တော်မှာ ကျင်းပ

0
843

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) အကြိုညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကျင်းပပါတယ်။

အစည်းအဝေးသို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနဲ့ ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပါတယ်။

ဒါ့အပြင် NCA-S EAO ကိုယ်စားလှယ်များအဖြစ် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း (RCSS/SSA)၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း (ABSDF)၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြတဲ့ ပဒိုစောတာဒိုမူး (KNU)၊ ဦးလှဌေး (ABSDF)၊ စောမြရာဇာလင်း (ALP)၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း(CNF)၊ ဆလိုင်း ထလာဟေး (CNF)၊ စောစိန်ဝင်း (DKBA)၊ ပဒိုစောအယ် ကလူစေး (KNU)၊ စောကျော်ညွန့် (KNLA-PC)၊ ကြာဆော်လမွန် (LDU)၊ နိုင်အောင်မငေး (NMSP)၊ ခွန်မြင့်ထွန်း (PNU) နဲ့ ဒေါက်တာ စိုင်းဦး(RCSS/SSA)တို့ တက်ရောက် ကြပါတယ်။

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက မိမိတို့ရဲ့ ကြိုးပမ်းမှုများသည် မကြာမီ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) အဖြစ် မှတ်ကျောက်တင်နိုင်မှာဖြစ်ပြီး သဘောတူ စာချုပ်ပါအချက်များဟာ ၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးခရီးကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဒီနေ့အစည်းအဝေးဟာ လာမယ့် ညီလာခံအတွက် မိမိတို့ အလုပ်အဖွဲ့များရဲ့ နောက်ဆုံး ဆွေးနွေးညှိနှိုင်းတဲ့ အစည်းအဝေးဖြစ်ကြောင်း၊ နောက်ရက်များမှာ JICM, UPDJC အစည်းအဝေးတွေ ပြုလုပ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ကျင်းပတော့မှာ ဖြစ်ကြောင်း၊ ဒါကြောင့် ဆွေးနွေး ညှိနှိုင်းကြရာမှာ စိတ်ရှည်ကြဖို့ လိုကြောင်း ပြောပါတယ်။

ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက အခု JICM အကြို ညှိနှိုင်းစည်းအဝေးမှာ နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့များက ညှိနှိုင်းရန် ကျန်ရှိတဲ့ အကြောင်းအရာများကို ဆက်လက်ညှိနှိုင်းသွားမှာ ဖြစ်သလို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးဆိုင်ရာ ကိစ္စတွေနဲ့ (၉) ကြိမ်မြောက် JICM အစည်းအဝေးအတွက် ပြင်ဆင်မှုတွေကို ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။

JICM အကှို ညှိနှိုငြးအစညြးအဝေးကို ဒီနေ့ ဩဂုတလြ ၁၁ ရကနြေ့မှာ ဆကလြကြ ကငွြးပနပေါတယြ။

_________________

_________________

JICM အကွိုညှိနှိုငျး အစညျးအဝေး နပွေညျတောျမှာ ကငြျးပ

JICM အကြို ညှိနှိုင်းအစည်းအဝေးကို ဒီနေ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ဆက်လက် ကျင်းပနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)