
0
333




လည်ပတ်သင့်တဲ့ ထိပ်တန်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၅ နေရာမှာ ပုဂံကို နံပါတ် ၃ အဖြစ် ရွေးချယ် ဖော်ပြ


နိုင်ငံတကာ ခရီးသွားလမ်းညွှန် ဝက်ဘ်ဆိုက် Planetware.com က ကမ္ဘာတစ်ဝန်း သွားရောက် လည်ပတ်သင့်တဲ့ ထိပ်တန်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ၁၅ နေရာကို ရွေးချယ်ဖော်ပြရာမှာ ပုဂံဒေသကို နံပါတ် ၃ နေရာမှာ ဖော်ပြခဲ့ပါတယ်။


Planetware.com ဝက်ဘ်ဆိုက် ဖော်ပြချက်အရ ထိပ်တန်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ၁၅ နေရာမှာ ထိပ်တန်း ၅ နေရာအဖြစ် ပီရူးနိုင်ငံက မာချုး ပစ်ချူး မြို့ဟောင်း၊ အီဂျစ်နိုင်ငံက ပိရမစ်၊ မြန်မာနိုင်ငံက ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ၊ ကမ္ဘောဒီးယား နိုင်ငံက အန်ကောဝပ် ဘုရားကျောင်းနဲ့ တရုတ်နိုင်ငံက ဂရိတ်ဝေါ မဟာတံတိုင်းကြီးတို့ ပါဝင်ပါတယ်။


မြန်မာနိုင်ငံက ပုဂံဒေသဟာ ယဉ်ကျေးမှုအမွေအနှစ် ၄,ဝ၀ဝ ကျော် တစုတစည်းတည်းရှိတဲ့ ရှေးဟောင်းမြို့တော် ဖြစ်ပြီး ပုဂံဒေသကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ဇူလိုင်လ ၆ ရက်နေ့က သတ်မှတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)