စစ်တွေ ကမ္ဘောဇဘဏ်ခွဲမှာ သိန်း ၁၈၀၀ ကျော် လုယက်ခံရ

0
441

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၂) ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁၈၀၀ ကျော် လုယက် ခံရတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၀ ရက်နေ့ ၄ နာရီ ဝန်ကျင်းခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်၊ အကောက်ခွန်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ (၂) ကို Hijet အမျိုးအစား မော်တော်ယာဉ် အမှတ်၊ BGO-6L/ 6181 အဖြူရောင်ယာဉ် တစ်စီးနဲ့ အမည်မသိ အမျိုးသား ၄ ဦးက ဘဏ်အတွင်းကို ဝင်ရောက်ပြီး အသင့်ယူဆောင်လာတဲ့ ဓားတွေနဲ့ ခြိမ်းခြောက်ကာ ကောင်တာပေါ်ရှိ ငွေကျပ် သိန်း ၁၈၀၀ ခန့်ကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

လုယက်သွားသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်နဲ့အတူ အမျိုးသား ၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်သူတွေကတော့ ငွေကျပ်သိန်းပေါင်း ၁၈၀၀ ခန့်နဲ့အတူ ထွက်ပြေးနေဆဲ ဖြစ်ပါတယ်။


____________________

____________________

စစ်တွေ ကမ္ဘောဇဘဏ်ခွဲမှာ သိန်း ၁၈၀၀ ကျော် လုယက်ခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၂) ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁၈၀၀ ကျော် လုယက် ခံရတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၀ ရက်နေ့ ၄ နာရီ ဝန်ကျင်းခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်၊ အကောက်ခွန်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ (၂) ကို Hijet အမျိုးအစား မော်တော်ယာဉ် အမှတ်၊ BGO-6L/ 6181 အဖြူရောင်ယာဉ် တစ်စီးနဲ့ အမည်မသိ အမျိုးသား ၄ ဦးက ဘဏ်အတွင်းကို ဝင်ရောက်ပြီး အသင့်ယူဆောင်လာတဲ့ ဓားတွေနဲ့ ခြိမ်းခြောက်ကာ ကောင်တာပေါ်ရှိ ငွေကျပ် သိန်း ၁၈၀၀ ခန့်ကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

လုယက်သွားသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်နဲ့အတူ အမျိုးသား ၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်သူတွေကတော့ ငွေကျပ်သိန်းပေါင်း ၁၈၀၀ ခန့်နဲ့အတူ ထွက်ပြေးနေဆဲ ဖြစ်ပါတယ်။

လွတ်မြောက်သွားသူတွေကို ဖမ်းဆီးရမိစေဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)