ဥပဒေစိုးမိုးရေးမှာ စိုးရိမ်မှုရှိနေတဲ့ အရပ်သားတွေ တိုက်ရိုက်ပါဝင်လုပ်ဆောင်တာမျိုး မရှိရဘူး

0
303

ဥပဒေစိုးမိုးရေးမှာ စိုးရိမ်မှုရှိနေတဲ့ အရပ်သားတွေ တိုက်ရိုက်ပါဝင်လုပ်ဆောင်တာမျိုး မရှိရဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောကြားလိုက်ပါတယ်။

epa05956465 Scot Marciel, US Ambassador to Myanmar, speaks during the official launching ceremony of Uber in Yangon, Myanmar, 11 May 2017. US-based ride-hailing company Uber launches its services in Yangon. EPA/NYEIN CHAN NAING

အမေရိကန်အစိုးရ အာဘော်သတင်းဌာနတစ်ခုဖြစ်တဲ့ VOA သတင်းဌာရဲ့ သီးသန့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ သံအမတ်ကြီးက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ ဥပဒေ စိုးမိုးရေးကို ဥပဒေစိုးမိုးရေးပိုင်း တာဝန်ရှိသူတွေကပဲ လုပ်ဆောင်ဖို့ သိပ်အရေးကြီးပြီး စိုးရိမ်မှုရှိတဲ့ အရပ်သားတွေ တိုက်ရိုက်ပါဝင်လုပ်ဆောင်တာမျိုး မရှိရဘူးလို့လည်း သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင်ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ကိစ္စမှာ ဥပဒေစိုးမိုးရေးကသာ အဓိက ဖြစ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာပါ။

အဲ့ဒီတွေ့ဆုံမေးမြန်းမှုအတွင်းမှာပါပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ နုနယ်သေးပြီး လူ့အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီ ဘယ်လို လည်ပတ် လုပ်ဆောင်စေချင်တယ်၊ တရားဥပဒေစိုးမိုးရေး ဘယ်လိုဖြစ်စေချင်တယ်ဆိုတာတွေကို သိရှိ နားလည်လာဖို့ရာ အချိန်ယူရမယ့်ကိစ္စတွေ ဖြစ်တဲ့အကြောင်းနဲ့ ဒီဖြစ်ရပ်တချို့က လူတွေအနေနဲ့ လေ့လာသင်ယူဖို့ အခွင့်အလန်းပေးတယ်လို့ ယူဆတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)