ICRC အဖွဲ့ ဥက္ကဋ္ဌရဲ့ ကချင်ပြည်နယ် ခရီးစဉ်ကို မြန်မာအစိုးရက တားမြစ်ပိတ်ပင်

0
299

နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC အဖွဲ့ ဥက္ကဋ္ဌ Peter Maurer ရဲ့ ကချင်ပြည်နယ် ခရီးစဉ်ကို မြန်မာအစိုးရက တားမြစ်ပိတ်ပင်လိုက်တယ်ပါတယ်။

Photo – Reuters

မေလ ၁၁ ရက်နေ့မှာ ICRC အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ Peter Maurer ရဲ့ ကချင်ပြည်နယ်ထဲက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လိုင်ဇာဒေသကို သွားရောက်မယ့် ခရီးစဉ်ကို အစိုးရက ပိတ်ပင်လိုက်တာပါ။

ဒီလို ပိတ်ပင်လိုက်တဲ့အပေါ် ICRC ဥက္ကဋ္ဌ Peter Maurer က သတင်းထောက်တွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ သတင်းစာရှင်းလင်းပွဲမှာတော့ ပဋိပက္ခဒေသတွေမှာ အညီပေးတာတွေကို ကန့်သက်မှု မလုပ်ဖို့  မြန်မာအစိုးရကို တိုက်တွန်းခဲ့တာပါ။

မြန်မာအစိုးရကတော့ လွန်ခဲ့တဲ့ ၈ လ လောက်က စတင်ပြီး KIO နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွာခဲ့ချိန်ကစလို့ အဲ့ဒီဒေသတွေမှာ ၀န်ထမ်းတွေရဲ့ ခရီးသွားလာခွင့်တွေကို တားမြစ်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)