တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်နက်ကိုင်လမ်းစဉ်ရဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရမယ်

0
361

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးကိုလိုလားပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းမယ်ဆိုရင်     လက်နက်ကိုင် လမ်းစဉ်ရဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြား နိုင်ရမယ်လို့ ကာကွယ်ရေးဦးစီးချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – HLA HLA HTAY POOL (EPA/MYANMAR) (Senior General Min Aung Hlaing, commander in chief of the Myanmar Army talks during the meeting with journalists at Commander in Chief office in Naypyitaw, Myanmar, 21 September 2015. Myanmar’s powerful army chief said on September 21 he would welcome the prospect of a female president, words that will be little comfort to opposition leader Aung San Suu Kyi who is barred from the post. Myanmar holds parliamentary polls in November, and even though Suu Kyi’s National League for Democracy is expected to make significant gains she will not become president.)

မေလ ၁၁ ရက်နေ့က ဗြိတိန်နိုင်ငံ၊ Inter Mediate အဖွဲ့က Mr. Jonathan Powell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို                  နေပြည်တော်ရှိ ဘုရင်နောင်ဧည့်ရိပ်သာမှာ လက်ခံတွေ့ဆုံစဉ် ကာကွယ်ရေး ဦးစီးချုပ်က အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒါအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ရဲ့ နိုင်ငံရေး အခြေခံစိတ်ဓာတ်တွေဟာလည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်းနဲ့ ကွဲလွဲနေတယ်လို့လည်း ဆိုတာပါ။

အလားတူ အဲ့ဒီအဖွဲ့အစည်းအချို့ဟာ လူမျိုးရေးအစွန်းရောက်မှုတွေနဲ့ ပြည်သူလူထုအပေါ်ကို အကြောက်တရားနဲ့ ဖိနှိပ်ဆက်ဆံခဲ့       တာတွေလည်းရှိတာကြောင့် အဲ့ဒီလုပ်ရပ်တွေအပေါ်မှာ စိုးရိမ်ပူပန်မှု ရှိနေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)