ရိုဟင်ဂျာဆိုသူတွေ ဘင်္ဂါလီဖြစ်တယ်ဆိုတာ ဦးစွာလက်ခံရမယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

0
434

ရိုဟင်ဂျာဆိုသူတွေဟာ ဘင်္ဂါလီတွေသာ ဖြစ်တယ်ဆိုတာကို ဦးစွာ လက်ခံရမယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – ကာကွယ်ရေးဦးစီးချုပ်ရုံး

မေလ ၁၁ ရက်နေ့က ဗြိတိန်နိုင်ငံ၊ Inter Mediate အဖွဲ့က Mr. Jonathan Powell  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ဘုရင်နောင်ဧည့်ရိပ်သာမှာ လက်ခံတွေ့ဆုံစဉ် ကာကွယ်ရေး ဦးစီးချုပ်က အဲ့ဒီလိုပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားရာမှာတော့ ရိုဟင်ဂျာဆိုသူတွေဟာ ဘင်္ဂါလီဖြစ်တာကို လက်ခံလိုက်ရင် နှစ်ဖက်ဖိအာ်းတွေ လျော့နည်းသွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေဟာ ရိုဟင်ဂျာလို့ သတ်မှတ်ပြီး အခြေအနေ ဖန်တီးနိုင်ခွင့် ကြိုးစားလာတာကို ဒေသခံတိုင်းရင်းသားတွေနဲ့ မြန်မာပြည်သူတွေက လက်မခံဘူးလို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)