မင်္ဂလာတောင်ညွန့်မြို့နယ် အထိကရုန်း ကိုယ်တိုင်ပါဝင်ခဲ့သူတွေ သတင်းစာရှင်းလင်းပွဲပြုလုပ်

0
363

မင်္ဂလာတောင်ညွန့်မြို့နယ် အထိကရုန်းကိစ္စရပ်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့သူတွေက သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြုလုပ်နေပါတယ်။

မေလ ၁၁ ရက်၊ နေ့လည် ၂ ခွဲအချိန်၊ ရန်ကုန်မြို့၊ ဗဟာဗန္ဓုလပန်းခြံလမ်းရှိ City Star Hotel မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကူညီခဲ့ကြတဲ့ တာဝန်သိ ရဟန်းရှင်လူ တွေက ရှင်းလင်းပြောကြားနေတာပါ။

မေလ (၉) ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ မြယာကုန်းလမ်းနဲ့ ၁၂၂ လမ်းရှိ နေအိမ်တစ်လုံးမှာ ခိုးခွင်ဘင်္ဂလီတွေ ရောက်ရှိနေကြောင်း သတင်းရရှိတယ်လို့ ဆိုကာ လ၀က၊ ရဲတပ်ဖွင့်ဝင်တွေနဲ့အတူ မျိုးချစ်ပုဂ္ဂိုလ်တွေပါဝင်တဲ့ အဖွဲ့ဟာ သွားရောက် ရှာဖွေ စစ်ဆေးမှုပြုလုပ်ခဲ့တာပါ။

အဲ့ဒီလို စစ်ဆေးမှုအပြီး ပြန်ထွက်လာစဉ် လာရောက်ကြည့်ရှု့တဲ့ ရပ်ကွက်နေသူအချို့နဲ့ ရုန်းရင်းဆန်ခက်ဖြစ်ပွားပြီး  ရဲတပ်ဖွဲ့က သေနတ် နှစ်ချက်ပြစ်ဖောက် လူစုခွဲကာ လုံခြုံရေးအင်အားတိုးမြှင့် ချထားခဲ့ရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)