တည်ငြိမ် အေးချမ်းမှုကို ပျက်စေတာ နိုင်ငံကို ချစ်တာလားလို့ သူရဦးရွှေမန်း မေးခွန်းထုတ်

0
578

တည်ငြိမ် အေးချမ်းမှုကို ပျက်စေတာ နိုင်ငံကို ချစ်တာလားလို့ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ သူရဦးရွှေမန်းက မေးခွန်းထုတ်လိုက်ပါတယ်။

သတင်းဓာတ်ပုံ  – YE AUNG THU / POOL (EPA/YANGON) (Formar Parliement Speaker Shwe Man on his arrival for a dinner reception following the swearing in ceremony of the new government in Naypyitaw, Myanmar, 30 March 2016. Myanmar’s new president Htin Kyaw was sworn in earlier on 30 March as the first elected civilian president in more than 50 years.)

မေလ ၉ ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မျိုးချစ်အင်အားစုတွေနဲ့ ဒေသခံတွေရဲ့ အဓိကရုန်းအပြီး မေလ ၁၀ ရက်နေ့ညပိုင်းမှာ သူရဦးရွှေမန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် အဲဒီလို မေးခွန်းထုတ်လိုက်တာပါ။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက တာဝန်ရှိသူတွေအနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ကြဖို့၊ ပြည်သူတွေကို တကယ်လေစားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)