(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ မီဒီယာသမားတွေ သတင်းရယူရေး မှတ်ပုံတင်ကြဖို့ အစိုးရထုတ်ပြန်

0
323

မေလ ၂၄ ရက်နေ့၊ နေပြည်တော်ရှိ MICC 2 မှာ ကျင်းပဖို့ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို သတင်းရယူကြမယ့် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာသမားတွေ မှတ်ပုံတင်နိုင်ကြောင်း အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်း ဓာတ်ပုံ – HEIN HTET (EPA/YANGON) (Myanmar’s Foreign Minister and State Counselor Aung San Suu Kyi (C) leaves after attending the Union Peace Conference – 21st century Panglong in Naypyitaw, Myanmar, 31 August 2016. The conference is aimed to end the violence between Myanmar’s army and the ethnic armed groups in Myanmar.)

 

သတင်းရယူ လိုတဲ့ မီဒီယာသမားတွေအနေနဲ့ မေလ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားရေးဝန်ကြီးဌာန Website ဖြစ်တဲ့ www.moi.gov.mm မှာ Union Peace Conference-21st Century Panglong ကိုနှိပ်ပြီး MEDIA REGISTRATION FORM အပြည့်အစုံ ဖြည့်သွင်း မှတ်ပုံတင်ကြရမှာပါ။

နိုင်ငံတကာ သတင်းထောက်တွေ အနေနဲ့ကတော့ နီးစပ်ရာ သံရုံးတွေမှာ ဗီဇာလျှောက်ထားကြရမှာ ဖြစ်တယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ညီလာခံကို တက်ရောက် သတင်းရယူကြမယ့် မီဒီယာသမားတွေအတွက် နေပြည်တော်မှာ ရှိတဲ့ Sky Palace Hotel ဈေးနှုန်းသက်သာစွာနဲ့ တည်းခိုနိုင်ဖို့ စီစဉ်ပေးထားတယ်လို့လည်း အဲဒီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)