မလေးရှားသွားဖို့ ကြိုးစားတဲ့ မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

0
348

မလေးရှားနိုင်ငံကို လှေနဲ့သွားဖို ကြိုးစားနေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေနဲ့ လူကုန်ကူးတယ်လို့ သံသယရှိသူ နှစ်ဦးကို ဘင်္ဂလား ဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

 

မြန်မာပြည်က မွတ်စလင် ၁၉ ဦးကို တက္ကနက်ဖ်က အိမ်တစ်အိမ်မှာ မေလ ၉ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်းနဲ့ သူတို့ဟာ လှေနဲ့ မလေးရှားကို သွားဖို့ ကြိုးစားနေသူတွေ ဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲမှူး မိုင်နူဒင်ခန်းက ပြောဆိုပါတယ်။

မလေးရှားကို သွားဖို့အတွက် တစ်ယောက်ကို ၁၂၅ ဒေါ်လာစီ ပေးရတယ်လို့ သူတို့က ထွက်ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကိုလည်း လူကုန်ကူးမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)