ကြံ့ခိုင်ရေးပါတီ ရခိုင်တိုင်းရင်းသားတွေနဲ့အတူ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး လုပ်ဆောင်မယ်

0
436

အမျိုး ဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးတွေကို ရခိုင်တိုင်းသားတွေနဲ့အတူ လက်တွဲဖော်ဆောင်သွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်ပါတယ်။

                                                                 သတင်း ဓာတ်ပုံ – HEIN HTET (EPA/YANGON)

 

မေလ ၁၁ ရက်နေ့ ကဆုန်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပနေတဲ့ ၄ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ကို ပေးပို့တဲ့သ၀ဏ်လွှာမှာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ
ဦးသန်းဌေးက အဲဒီလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် ရခိုင်အမျိုးသားတွေရဲ့ အနာဂတ်ဘ၀ သာယာဖြောင့်ဖြူးရေးကိုလည်း အတူလက်တွဲဖော်ဆောင် သွားမယ်လို့လည်း ထည့်သွင်းပြောကြားထားတာ
ဖြစ်ပါတယ်။

မေလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၄ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ကို ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံအပါအ၀င် ရခိုင်ပြည်နယ်တ၀န်းမှာလည်း ကျင်းပနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)