သက်ထားသူဇာက ကြက်တောင်ပြိုင်ပွဲတွေ ဇူလိုင်လကုန်အထိ နားထားမယ်

0
199

COVID-19 ရောဂါ ဖြစ်ပွားနေမှုတွေကြောင့် မြန်မာ ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာ ပြိုင်ပွဲတွေကို ဇူလိုင်လကုန်အထိ နားထားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်ကလည်း မတ်လလယ်ကနေ ဧပြီ ၁၂ ရက်အထိ ပြိုင်ပွဲတွေ ရပ်နားထားပေမယ့် COVID-19 ရောဂါ အခြေအနေ မကောင်းတာကြောင့် ရက်ပေါင်း ၉၀ ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သက်ထားသူဇာဟာ ဥရောပနိုင်ငံတွေမှာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ ရောက်ရှိပြီးမှ ပြိုင်ပွဲတွေ ဖျက်သိမ်းလို့ မတ်လက ပြန်လာရတာပါ။

ကြက်တောင်မယ် သက်ထားသူဇာ အားခဲထားတဲ့ အိုလံပစ် ပြိုင်ပွဲဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နှစ် ရွှေ့ဆိုင်းထားပါတယ်။ သက်ထားသူဇာကတော့ ဇွဲမလျှော့ဘဲ အိုလံပစ် ဝင်ခွင့်အတွက် ဆက်လက် ကြိုးပမ်းမယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>

သက်ထားသူဇာက ကြက်တောင်ပြိုင်ပွဲတွေ ဇူလိုင်လကုန်အထိ နားထားမယ်

COVID-19 ရောဂါ ဖြစ်ပွားနေမှုတွေကြောင့် မြန်မာ ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာ ပြိုင်ပွဲတွေကို ဇူလိုင်လကုန်အထိ နားထားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်ကလည်း မတ်လလယ်ကနေ ဧပြီ ၁၂ ရက်အထိ ပြိုင်ပွဲတွေ ရပ်နားထားပေမယ့် COVID-19 ရောဂါ အခြေအနေ မကောင်းတာကြောင့် ရက်ပေါင်း ၉၀ ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သက်ထားသူဇာဟာ ဥရောပနိုင်ငံတွေမှာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ ရောက်ရှိပြီးမှ ပြိုင်ပွဲတွေ ဖျက်သိမ်းလို့ မတ်လက ပြန်လာရတာပါ။ ကြက်တောင်မယ် သက်ထားသူဇာ အားခဲထားတဲ့ အိုလံပစ် ပြိုင်ပွဲဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နှစ် ရွှေ့ဆိုင်းထားပါတယ်။

သက်ထားသူဇာကတော့ ဇွဲမလျှော့ဘဲ အိုလံပစ် ဝင်ခွင့်အတွက် ဆက်လက် ကြိုးပမ်းမယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)