မြန်မာနိုင်ငံမှာ ဧပြီလ ၁၁ ရက်နေ့ နေ့လည်အထိ COVID-19 ကူးစက်သူ ၂၈ ဦးရှိ

0
111

အခုအခါ မတ်လ ၂၃ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့ နေ့လည်အချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၈ ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

၂၈ ဦးမြောက် ဓာတ်ခွဲအတည်ပြုလူနာဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် ၆၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လူနာအမှတ် ၀၀၈ နဲ့ အနီးကပ် ထိတွေမှု ရာဇဝင်ရှိတဲ့ မိသားစုဝင် တစ်ဦး ဖြစ်ပါတယ်။ ၂၈ ဦးမြောက် လူနာမှာ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိနေပြီး ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ကာ အထူးကြပ်မတ် ကုသပေးနေတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးရုံများမှာ လက်ရှိ သီးခြား ထားရှိ ကုသမှုခံယူနတေဲ့ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေကတော့ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံမှာ ၂ ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ လူနာ ၁၄ ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ၁ ဦး၊ မြောက်ဥက္ကလာပအထွေထွေ ရောဂါကုဆေးရုံကြီးမှ ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ လွှဲပြောင်းတဲ့ လူနာ ၁ ဦး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းတဲ့ လူနာ ၂ ဦး၊ မွန်ပြည်နယ်၊ ကျိုက်မရောပြည်သူ့ဆေးရုံမှ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းတဲ့ လူနာ ၁ ဦး၊ ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ လွှဲပြောင်းဖို့ စီစဉ်လျက်ရှိတဲ့ လူနာ ၁ ဦး၊ စုစုပေါင်း ၂၂ ဦး တို့ဖြစ်ပြီး သူတို့ရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိ နေကြောင်းနဲ့ ဝေဘာဂီအထူးကု ဆေးရုံကြီးရှိ လူနာ ၁ ဦးအား အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေ အားလုံးကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမှာဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ ပြည်သူလူထုအနေနဲ့ နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုတယ်လို့လည်း ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံမှာ ဧပြီလ ၁၁ ရက်နေ့ နေ့လည်အထိ COVID-19 ကူးစက်သူ ၂၈ ဦးရှိ

အခုအခါ မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့ နေ့လည်အချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၈ ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

၂၈ ဦးမြောက် ဓာတ်ခွဲအတည်ပြုလူနာဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် ၆၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လူနာအမှတ် ၀၀၈ နဲ့ အနီးကပ် ထိတွေမှု ရာဇဝင်ရှိတဲ့ မိသားစုဝင် တစ်ဦး ဖြစ်ပါတယ်။ ၂၈ ဦးမြောက် လူနာမှာ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိနေပြီး ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ကာ အထူးကြပ်မတ် ကုသပေးနေတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးရုံများမှာ လက်ရှိ သီးခြား ထားရှိ ကုသမှုခံယူနတေဲ့ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေကတော့ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံမှာ ၂ ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ လူနာ ၁၄ ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ၁ ဦး၊ မြောက်ဥက္ကလာပအထွေထွေ ရောဂါကုဆေးရုံကြီးမှ ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ လွှဲပြောင်းတဲ့ လူနာ ၁ ဦး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းတဲ့ လူနာ ၂ ဦး၊ မွန်ပြည်နယ်၊ ကျိုက်မရောပြည်သူ့ဆေးရုံမှ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းတဲ့ လူနာ ၁ ဦး၊ ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ လွှဲပြောင်းဖို့ စီစဉ်လျက်ရှိတဲ့ လူနာ ၁ ဦး၊ စုစုပေါင်း ၂၂ ဦး တို့ဖြစ်ပြီး သူတို့ရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိ နေကြောင်းနဲ့ ဝေဘာဂီအထူးကု

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)