မဟန ဆရာတော်ကြီးတွေကို စိတ်နဲ့တောင် မပြစ်မှားမိကြဖို့ ဦးဝီရသူက မိန့်ကြား

0
354

မဟန ဆရာတော်ကြီးတွေကို စိတ်နဲ့တောင် မပြစ်မှားမိကြဖို့ ဦးဝီရသူက မိန့်ကြားလိုက်ပါ တယ်။

တရားဟောခွင့်ကို သံဃမဟာနာယကအဖွဲ့က ပိတ်ပင်လိုက်တဲ့အပေါ် ဒကာ၊ ဒကာမတွေ အနေနဲ့ ဆရာတော်ကြီးတွေကို စိတ်နဲ့တောင် မပြစ်မှားမိကြဖို့ ဦးဝီရသူက Facebook လူမှုကွန်ရက်စာမျက်နှာ ပေါ်က တဆင့် အဲ့ဒီလို မိန့်ကြားလိုက်တာပါ။

ဒီလိုမိန့်ကြားရာမှာတော့ အရင် အစိုးရတွေကမှ သြဝါဒခေါ်ပေး တာတွေ၊ ထပ်မံသတိပေးတာတွေ၊ လက်မှတ်ခေါ်ထိုးခိုင်းတာတွေရှိခဲ့ပြီး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို နည်းလမ်းတကျ ဆောင်ရွက်ခဲ့ရပေမယ့် အခုလို ဆောင်ရွက်ချက်ဟာ အဆင့်တွေ အများကြီးကျော်သွားခဲ့ပြီလို့ လည်း သံဃမဟာနာယကအဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် ဝေဖန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)