ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြ

0
311

ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ ပင်လယ်အစားအစာ လုပ်ငန်းနဲ့ ငါးသေတ္တာဘူး ထုတ်လုပ်နေတဲ့ မြန်မာအလုပ်သမား(၁၀၀၀)ကျော်ဟာ
ဒီကနေ့မတ်လ(၁၁)ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းလုပ်ငန်းရှင်ဘက်က မြန်မာအလုပ်သမားတွေအပေါ် လုပ်ငန်းခွင်ထဲမှာ အနိုင်ကျင့်မှုတွေ၊ လုပ်ခလစာငွေတွေ ဖြတ်တောက်ခဲ့တဲ့ အပြင် အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနစ်နာနေတဲ့အတွက် အခုလို ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခုဆန္ဒပြနေတဲ့ မြန်မာအလုပ်သမား (၁၀၀၀) ကျော်ဟာဆိုရင် နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)