ပဋိပက္ခဖြစ်ပွားရာ ကိုးကန့်ဒေသမှာ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်

0
342

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင်း အစိုးရတပ်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲများ ဖြစ်နေတဲ့ဒေသက မြို့ ၂ မြို့မှာ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့် ကာဖျူး ထုတ်ပြန်လိုက်ပါတယ်။

ကိုးကန့်ဒေသရှိ လောက်ကိုင်နဲ့ ဂုံယန်းမှာ ဒေသစံတော်ချိန် ည ၉ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ယနေ့ မတ်လ ၁၁ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ကိုးကန့်ဒေသ၊ လောက်ကိုင်မှာ မြန်မာ အစိုးရတပ်တွေနဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ မြန်မာ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၂ သောင်း ကျော်ရှိနေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ နှစ်ဖက်အကြား ပစ်ခတ်မှုတွေရပ်ပြီး တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာဖို့ ဆက်တိုက် တိုက်တွန်းနေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ကိုးကန့် MNDAA ကို ငြိမ်းချမ်းရေး စကားဝိုင်းကို လာဖို့ ဖိတ်ခေါ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)