မွတ်စလင်တွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ ကုလ ပြောဆိုချက် ပုံကြီးချဲ့လွန်းတယ်လို့ မြန်မာတုံ့ပြန်

0
289

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြတဲ့ မြန်မာအစိုးရ တပ်တွေဟာ ရခိုင်က မွတ်စလင်တွေအပေါ် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရ ငြင်းဆိုလိုက်ပြီး ပုံကြီးချဲ့ထားတာတွေ ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

နယ်မြေ ရှင်းလင်းရေး ကာလအတွင်း ကလေးသူငယ်တွေကို ဓားနဲ့ ထိုးသတ်တယ်၊ မနှစ် အောက်တိုဘာလက စပြီး လူရာနဲ့ချီ အသတ်ခံရတယ်လို့ ကုလ အစီရင်ခံစာက စွပ်စွဲထားပါတယ်။

မြန်မာအစိုးရကတော့ ဒါတွေဟာ အထောက်အထားမရှိဘဲ ဝါဒဖြန့်တာတွေသာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)