ဦးဝီရသူကို တရားဟောခွင့် တစ်နှစ် ပိတ်

0
289

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအကြိမ် အထူး အစည်းအဝေးကနေပြီးတော့ ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) ကို တရားဟောပြောခွင့် တစ်နှစ် ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဦးဝီရသူဟာ ဘာသာရေးအမုန်းတရား ပွားများပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေမယ့် ဟောပြောမှု၊ လှုံ့ဆော်မှု၊ တရားဥပဒေ စိုးမိုးရေးကို အဟန့်အတား ဖြစ်စေမယ့် ဟောပြောမှု၊ နိုင်ငံရေးပါတီများကြား ဘက်လိုက်ဟောပြောမှုတွေ အကြိမ်များစွာ ပြုလုပ်တဲ့တွက် အခုလို ပိတ်ပင်ရတာလို့ သံဃမဟာနာယက အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဦးဝီရသူဟာ ၁၀-၃-၂၀၁၇ ကနေ ၉-၃-၂၀၁၈ အထိ တရားဟောပြောခွင့် ရမှာ မဟုတ်ပါဘူး။ လိုက်နာခြင်း မရှိရင် တည်ဆဲဥပဒေတွေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)