ဝမ်ပေါင်ထဲကို ပို့မယ့် ကျောက်ကားနဲ့ ဒေသခံ ရွာသူတစ်ဦးကို တိုက်မိ

0
301

လက်ပံတောင်းတောင် မိုးကြိုးပြင်ရွာသူတစ်ဦးကို ဒီကနေ့ မနက်ပိုင်းမှာ ကျောက်သယ်ကားနဲ့ တိုက်မိခဲ့တာ ကြောင့် ဒေသခံရွာသားတွေက ၀မ်ပေါင်ထဲကို ပို့ဆောင်မယ့် ကျောက်ကားအစီးရေ (၁၀၀) ကျော်ကို တားဆီးလိုက်ပါတယ်။

မုံရွာ-ပုသိမ် ကားလမ်းပေါ်ကားလမ်းမပေါ်မှာ အသွားအပြန်ကျောက်သယ်ကားတွေကို ဒေသခံ လူအင်အား ၂၀၀ ကျော်က သွားလာခွင့်မပေးတော့ဘဲ ပိတ်ဆို့တားဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ဒေသခံတွေက ကျောက်သည်ကား တိုက်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ ကိစ္စအ၀၀ကို တာဝန်ယူဖြေရှင်းပေးပြီးမှ အခုတားဆီးထားတဲ့ ကျောက်ကားတွေကို ပြန်လည်သွားခွင့်ပေးမှာဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေက တားဆီးခံထားရတဲ့ ကျောက်ကားတွေရှိတဲ့နေရာကို ရောက်မလာသေးတဲ့ အတွက် ကားတိုက်ခံရတဲ့ ဒေသခံအမျိုးသမီးဟာ လက်ပံတောင်းတောင် တိုက်နယ်ဆေးရုံမှာ သတိမေ့မျော နေပြီး အတွင်းလူနာအဖြစ်နဲ့ ဆေးကုသနေရတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)