မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်က ဒေါ်လာ ၄ သန်းကျော် ထောက်ပံ့မယ်

0
300

မြန်မာ့ ငြိမ်းချမ်းရေး ထူထောင်မှု ဖြစ်စဉ်ကို အအကူအညီပေးရေးအတွက် အမေရိကန် ဒေါ်လာ ၄ သန်းကျော် ဂျပန်နိုင်ငံက ထောက်ပံ့မှာ
ဖြစ်ပါတယ်။

အဲဒီ ထောက်ပံ့ငွေတွေကို မြန်မာနိုင်ငံရှိ စီမံကိန်း ဝန်ဆောင်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNOPS) ကတဆင့် ပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံ
တည်ငြိမ်အေးချမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ လက်နက်ကိုင် အဖွဲ့များအကြား ညီညွတ်မှုရရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ပါတယ်။

ကူညီထောက်ပံ့ရေး သဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် မစ္စတာ တာတက်ရှီဟီဂူချီနဲ့ UNOPS က ညွှန်ကြားရေးမှူး မစ္စတာ နီကိုလပ်ဂျော့တို့ မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)