သီတဂူဆရာတော် မွေးနေ့အလှူတော်ကို အင်္ဂလန် သံအမတ်ကြီး တက်ရောက်

0
438

သီတဂူဆရာတော် အရှင် ဥာဏိဿရရဲ့ သက်တော် ၈၀ ပြည့် မွေးနေ့ အလှူတော်ကို မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန် သံအမတ် အင်ဒရူး ပက်ထရစ် တက်ရောက်ခဲ့ပါတယ်။

သီတဂူဆရာတော်ရဲ့ မွေးနေ့အလှူတော်ကို မတ်လ ၁၁ ရက်ကနေ ၂၀ အထိ စစ်ကိုင်းတောင်ရိုးမှာ ကျင်းပနေပါတယ်။ သီတဂူဆရာတော် သက်တော် ၈၀ ပြည့် မွေးနေ့ အမှတ်တရအဖြစ် စစ်ကိုင်တောင်ရိုးမှာ ဝိပဿနာ အကယ်ဒမီကိုလည်း မတ်လ ၁၂ ရက်နေ့မှာ ဖွင့်မှာ ဖြစ်ပါတယ်။

သီတဂူဆရာတော်ရဲ့ မွေးနေ့ အလှူတော်အဖြစ် စစ်ကိုင်းမြို့က သံဃာတော် တစ်ထောင်ကို ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ အဘိဓဇ မဟာရဋ္ဌဂုရု ဆရာတော်ကြီး ၁၁ ပါးကို ပင့်ဆောင်ပူဇော်ခြင်း၊ သီလရှင် အပါးတစ်ထောင်ကို ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ တရားပွဲ ၇ ရက် ကျင်းပခြင်းတို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)