မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဒုက္ခသည် ၉ သောင်းခွဲခန့် ရှိလာ

0
267

နောက်ဆုံး ခန့်မှန်း တွက်ချက်မှုတွေအရ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မှာ မွတ်စလင် ဒုက္ခသည်ပေါင်း ၉ သောင်း ၄ ထောင်လောက်ရှိလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေကို အကြမ်းဖက်သမားတွေ ဝင်တိုက်တဲ့ အောက်တိုဘာ တိုက်ခိုက်မှုနဲ့ အဲဒီ တိုက်ခိုက်မှုအပြီး နယ်မြေ ရှင်းလင်းရေးတွေရဲ့ ရလဒ်ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) က သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မနှစ် အောက်တိုဘာ အပြီးမှာ မွတ်စလင်ပေါင်း ၇ သောင်း ၄ ထောင်လောက် နယ်စပ်ကို ဖြတ်ပြီး ကောက်ဘဇား ဒေသဝန်းကျင်မှာ သောင်တင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူ ၂ သောင်းလောက်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသထဲမှာပဲ ဒေသတွင်း ရွှေ့ပြောင်း တိမ်းရှောင် နေထိုင်မှုတွေ လုပ်နေကြပါတယ်။

အစိုးရက နယ်မြေရှင်းလင်းရေးတွေကို ၂၀၁၆ အောက်တိုဘာမှာ စတင်ပြီး ၂၀၁၇ ဖေဖော်ဝါရီမှာ အဆုံးသတ်ကြောင်း ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)