ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ အခြေအနေယိမ်းယိုင်မှာကို လက်မခံဟုပြော

0
291

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဒုတိယအဆင့်မှာ လက်ရှိအခြေအနေတွေကနေ ယိမ်းယိုင်သွားမှာကို လက်မခံနိုင်ဘူးလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မတ်လ ၉ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြ အရာရှိတွေနဲ့ သင်တန်းသား အရာရှိတွေကို တွေ့ဆုံစဉ် ပြောကြားတဲ့ မိန့်ခွန်းမှာ ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်း ပြောကြားလိုက်တာပါ။ ဒီလိုပြောကြားတဲ့နေရာမှာတော့ ပါတီစုံဒီမိုကရေစီစနစ် ပထမအဆင့် ၅ နှစ်သက်တမ်းအတွင်းမှာ လမ်းကြောင်းလွဲမသွားအောင် ခိုင်ခိုင်မာမာရပ်တည် လျှောက်လှမ်းနိုင်ဖို့ တပ်မတော်အနေနဲ့ ပါဝင်လုပ်ဆောင်ခဲ့ပြီး တိုးတက်မှုတွေလည်း ရရှိခဲ့တယ်လိုဆိုပါတယ်။ ဒါအပြင် တပ်မတော် အနေနဲ့ တိုင်းပြည်မယိုင်လဲ မပြိုကွဲစေဖို့ အမျိုးသားနိုင်ငံရေးကဏ္ဍမှာ ဆက်လက်ပါဝင်နေရတာ ဖြစ်တယ်လို့ လည်း ပြောကြားထားတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၁၀) ရက် ကြာသာပတေးနေ့ မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)