အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို မဲခွဲဆုံးဖြတ်ကာ တာဝန်ပေးအပ်

0
294

ရွေးကောက်တင်မြှောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို နိုင်ငံတော်သမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့ဝင်တွေအဖြစ် မဲခွဲဆုံးဖြတ်ကာ တာဝန်ပေးအပ်လိုက်ပါတယ်။ ပြည်သူ့လွှတ်တော် အစုအဖွဲ့အတွက် ဒဂုံမြို့သစ်အရှေ့ပိုင်း မဲဆန္ဒနယ်မှ ဒေါက်တာမျိုးအောင်နဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) က ဦးဘမျိုးသိန်းတို့ နှစ်ဦးကို တာဝန်ပေးအပ်လိုက်တာပါ။ အဲ့ဒီ နိုင်ငံတော်သမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့ဝင်မှာတော့ ပြည်သူ့လွှတ်တော်အကြီးအကဲ ၂ ဦး၊ အမျိုးသားလွှတ်တော် အကြီးအကဲ ၂ ဦး၊ ပြည်သူ့လွှတ်တော် ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ် အစုအဖွဲ့က ၁ ဦး၊ အမျိုးသားလွှတ်တော်ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်အစုအဖွဲ့က ၁ ဦးနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ၁ ဦး စုစုပေါင်း ၇ ဦး ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့က ဒီကနေ့မှာ လွှတ်တော်အစည်းအဝေးတွေမှာ ဒုတိယသမ္မတတွေအဖြစ် အမည်စာရင်းတင်သွင်း ခံခဲ့ရတဲ့ ဦးထင်ကျော်၊ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးခင်အောင်မြင့်တို့ကို နိုင်ငံတော်သမ္မတ အရည်အချင်းတွေ ပြည့်မှီမှု ရှိ မရှိကို စိစစ်ကြမှာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၁၀) ရက် ကြာသာပတေးနေ့ မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)