မန်မာ့လူနေမှု အခြေအနေ စစ်တမ်း ၂၀၁၇ အစီရင်ခံစာ ထုတ်ပြန်

0
101

“မြန်မာ့လူနေမှု အခြေအနေ စစ်တမ်း (MLCS) ၂၀၁၇ – လူမှု-စီးပွား အစီရင်ခံစာ” ကို ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၇ MLCS အစီရင်ခံစာအတွက် အချက်အလက်တွေကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ ပြည်ထောင်စုအဆင့်၊ မြို့ပြ၊ ကျေးလက် ဧရိယာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ အားလုံးမှာ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အစီရင်ခံစာအရ ဆင်းရဲနွမ်းပါးမှုဟာ ပညာရေးအတွက် အကြီးဆုံး အတားအဆီး ဖြစ်ကြောင်း၊ မူလတန်းပညာရေးမှာ ကျောင်းတက်တဲ့ ကလေးငယ်နှုန်းဟာ မြို့ပြနဲ့ ကျေးလက် ဧရိယာတွေမှာ မကွာဟပေမယ့် အလယ်တန်းနဲ့ အထက်တန်း တက်ရောက်မှုနှုန်းကတော့ ကွာဟလာကြောင်း၊ မိသားစုဝင်ငွေနဲ့ ပညာရေး ကုန်ကျစရိတ်ဟာ ကျောင်းထွက်ရတဲ့ အဓိက အကြောင်းရင်းဖြစ်ကြောင်း  ဖော်ပြပါတယ်။  

ဆင်းရဲနွမ်းပါးသူ ၈၇ ရာခိုင်နှုန်းရှိတဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် အခြေခံ စောင့်ရှောက်မှုတွေ မရရှိကြောင်း၊ သောက်ရေသန့်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ စွမ်းအင် ရရှိမှုတွေမှာလည်း ဆင်းရဲနွမ်းပါးသူတွေအတွက် အကန့်အသတ်ရှိနေကြောင်းနဲ့ မြန်မာ့လူဦးရေ အများစုအတွက် စိုက်ပျိုးနဲ့ ဆက်နွှယ်လုပ်ငန်းတွေက အလုပ်ရရှိရေးအတွက် အဓိက ရင်းမြစ်ဖြစ်နေကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အလုပ်အကိုင်ရရှိမှုနဲ့ ကျား/မ ကွဲခြားမှု၊ ရွှေ့ပြောင်းအလုပ်သမား ကိစ္စတွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။ 

Solar Lighting

မွနျမာ့လူနမှေု အခွအေနေ စဈတမျး ၂၀၁၇ အစီရငျခံစာ ထုတျပွနျ

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)