ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီ IHI က မြန်မာ တံတားနှစ်စင်းကို ပြန်ပြင်ဆောက်မယ်

0
123

ထိုင်း၊ လာအိုတို့ကနေတဆင့် ဗီယက်နမ်အထိ ဆက်သွယ်နိုင်မယ့် အရှေ့ – အနောက် စီးပွားရေးစြင်္ကံ လမ်းမကြီးပေါ်ရှိ မြန်မာ တံတားနှစ်စင်းဖြစ်တဲ့ ဂျိုင်း (ဇာသပြင်) တံတားနဲ့ ဂျိုင်း (အတ္ထရံ) တံတားတို့ကို ဂျပန် အကြီးစား တည်ဆောက်ရေး လုပ်ငန်းဖြစ်တဲ့ IHI ကော်ပိုရေးရှင်းက ပြင်ဆင်တည်ဆောက်မယ်လို့ ကျိုဒို သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ဂျပန် JICA ODA Loan နဲ့ ဆောင်ရွက်နေတဲ့ အဲဒီ တံတားနှစ်စင်း တည်ဆောက်ရေး လုပ်ငန်းအတွက် ကန်ထရိုက် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကျင်းပခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ JICA မြန်မာရုံးက ကိုယ်စားလှယ် မစ္စတာ မာဆာယူကီ ကာရာဆာဝါနဲ့ IHI Infrastructure System ကုမ္ပဏီ လီမိတက်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

အရှေ့ – အနောက် စြင်္ကံလမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတား၊ ဂျိုင်း(ဇာသပြင်) တံတားနဲ့ အတ္ထရံတံတား တည်ဆောက်ခြင်း စီမံကိန်းကို ဂျပန်ချေးငွေနဲ့ တည်ဆောက်နေရာ Package – 1 ဖြစ်တဲ့ ဂျိုင်း (ကော့ကရိတ်) တံတား တည်ဆောက်ရေးအတွက် Hazama Ando နဲ့ P.S  Mitsubishi Construction ကုမ္ပဏီ လီမိတက်တို့နဲ့ ၂၀၁၉ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ Package-2 ဖြစ်တဲ့ အခု တံတား နှစ်စင်း တည်ဆောက်ရေး လုပ်ငန်းအတွက် IHI နဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး တည်ဆောက်ရေးကာလ (၄၅) လ ကြာမြင့်မှာ ဖြစ်ပါတယ်။ တံတား သုံးစင်းစလုံး အစားထိုး တည်ဆောက်ရေးအတွက် အမေရိကန် ဒေါ်လာ ၃၀၈ သန်း (ဂျပန် ယန်းငွေ ၃၃ ဒသမ ၉ ဘီလီယံ) ကုန်ကျမှာ ဖြစ်ပါတယ်။ 


ထိုင်း၊ လာအိုတို့ကနေတဆင့် ဗီယက်နမ်အထိ ဆက်သွယ်နိုင်မယ့် အရှေ့ – အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးပေါ်ရှိ မြန်မာ တံတားနှစ်စင်းဖြစ်တဲ့ ဂျိုင်း (ဇာသပြင်) တံတားနဲ့ ဂျိုင်း (အတ္ထရံ) တံတားတို့ကို ဂျပန် အကြီးစား တည်ဆောက်ရေး လုပ်ငန်းဖြစ်တဲ့ IHI ကော်ပိုရေးရှင်းက ပြင်ဆင်တည်ဆောက်မယ်လို့ ကျိုဒို သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ဂျပန် JICA ODA Loan နဲ့ ဆောင်ရွက်နေတဲ့ အဲဒီ တံတားနှစ်စင်း တည်ဆောက်ရေး လုပ်ငန်းအတွက် ကန်ထရိုက် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကျင်းပခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ JICA မြန်မာရုံးက ကိုယ်စားလှယ် မစ္စတာ မာဆာယူကီ ကာရာဆာဝါနဲ့ IHI Infrastructure System ကုမ္ပဏီ လီမိတက်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

အရှေ့ – အနောက် စင်္ကြံလမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတား၊ ဂျိုင်း(ဇာသပြင်) တံတားနဲ့ အတ္ထရံတံတား တည်ဆောက်ခြင်း စီမံကိန်းကို ဂျပန်ချေးငွေနဲ့ တည်ဆောက်နေရာ Package – 1 ဖြစ်တဲ့ ဂျိုင်း (ကော့ကရိတ်) တံတား တည်ဆောက်ရေးအတွက် Hazama Ando နဲ့ P.S Mitsubishi Construction ကုမ္ပဏီ လီမိတက်တို့နဲ့ ၂၀၁၉ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ Package-2 ဖြစ်တဲ့ အခု တံတား နှစ်စင်း တည်ဆောက်ရေး လုပ်ငန်းအတွက် IHI နဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး တည်ဆောက်ရေးကာလ (၄၅) လ ကြာမြင့်မှာ ဖြစ်ပါတယ်။ တံတား သုံးစင်းစလုံး အစားထိုး တည်ဆောက်ရေးအတွက် အမေရိကန် ဒေါ်လာ ၃၀၈ သန်း (ဂျပန် ယန်းငွေ ၃၃ ဒသမ ၉ ဘီလီယံ) ကုန်ကျမှာ ဖြစ်ပါတယ်။