
0
1069


PHOTO – EPA/STRINGER




>>>>>>>>>>>>>>>>>>

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မယ်

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုတဲ့ အခမ်းအနားကို နိုင်ငံပိုင် ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ထုတ်လွှင့်ဖို့ရှိနေပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင်မှာပြုလုပ်မယ့် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုမယ့် အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်ဖို့ ရှိနေတာပါ။

အဲ့ဒီနေ့ မနက် ၆ နာရီ မိနစ် ၄၀ က စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား MRTV၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း NRC၊ မြန်မာအသံရေဒီယိုအစီအစဉ်နဲ့ မြဝတီရုပ်သံလိုင်းစတဲ့ ရုပ်သံလိုင်းတွေအပြင် တခြားပုဂ္ဂလိက ရုပ်သံလိုင်းတွေကနေလည်း ထုတ်ဖို့ရှိနေတာပါ။

ဒါ့အပြင် မြန်မာ့ရုပ်မြင်သံကြား MRTV ရဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ထုတ်လွှင့်ဖို့ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)