မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို အကြမ်းဖက်အဖွဲ့အစည်းတွေကနေ ပယ်ဖျက်

0
1038

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို အကြမ်းဖက်အဖွဲ့အစည်းတွေ မဟုတ်ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရက်စွဲနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေလက်မှတ် ရေးထိုးပြီး ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒါအပြင် အဲ့ဒီအဖွဲ့အစည်းနှစ်ခုကို မတရားသင်းအဖြစ် ကြေညာထားတာကိုလည်း ပယ်ဖျက်ပေးလိုက်တာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ (New Mon State Party-NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union-LDU) တို့ဟာ မကြာခင်မှာ NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ရှိနေတာလဲဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>






COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)