ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမွဳအမ်ားဆံုးအျဖစ္ တရုတ္ႏိုင္ငံ ဆက္လက္ရပ္တည္ေန

0
1018

ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမွဳပမာဏ စုစုေပါင္းရဲ႕ ၂၆ % ေက်ာ္ဟာ တရုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမွဳပ္နွံျဖစ္ၿပီး အမ်ားဆံုး ရင္းႏွီးျမွဳပ္ႏွံထားတဲ့ ႏိုင္ငံအျဖစ္ ဆက္လက္ ရပ္တည္ ေနတယ္လို႔ အစိုးရက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အတုိင္ပင္ခံရံုး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြက ဇန္န၀ါရီလ ၁၀ ရက္ေန႔ ညက ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံဆုိင္ရာ တရုတ္ျပည္သူ႔သမၼတႏိုင္ငံသံရံုးမွာ က်င္းပျပဳလုပ္တဲ့ တရုတ္ႏွစ္သစ္ကူး အထိမ္းအမွတ္ဧည့္ခံပြဲမွာ ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြက ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလအထိ ျမန္မာႏိုင္ငံရဲ႕ စုစုေပါင္းႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမွဳပမာဏဟာ အေမရိကန္ ေဒၚလာ ၇၅.၀၉ ဘီလီယံအထိရွိခဲ့တယ္ဆိုတာပါ။

အဲ့ဒီထဲမွာ တရုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမွဳပ္ႏွံမွဳပမာဏဟာ ၂၆.၄၂ % အထိ ရွိခဲ့တယ္တာျဖစ္ၿပီး ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမွဳပ္ႏွံမွဳ အမ်ားဆံုး ႏိုင္ငံအျဖစ္ ဆက္လက္ ရပ္တည္ေနတယ္လို႔လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးအဖြစ် တရုတ်နိုင်ငံ ဆက်လက်ရပ်တည်နေ

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းရဲ့ ၂၆ % ကျော်ဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံဖြစ်ပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံအဖြစ် ဆက်လက် ရပ်တည် နေတယ်လို့ အစိုးရက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဇန်နဝါရီလ ၁၀ ရက်နေ့ ညက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှာ ကျင်းပပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်ဧည့်ခံပွဲမှာ ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံရဲ့ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန် ဒေါ်လာ ၇၅.ဝ၉ ဘီလီယံအထိရှိခဲ့တယ်ဆိုတာပါ။

အဲ့ဒီထဲမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ၂၆.၄၂ % အထိ ရှိခဲ့တယ်တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)