
0
1190



Photo- EPA-EFE/HEIN HTET



>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုကို မတရားအသင်းအဖြစ် ကနေ ပယ်ဖျက်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုကို မတရားအသင်းအဖြစ် ကနေ ပယ်ဖျက်ကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရက်စွဲနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေလက်မှတ် ရေးထိုးပြီး ပယ်ဖျက်လိုက်တာပါ။

မတရားအသင်းအဖြစ် ပယ်ဖျက်လိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ မွန်ပြည်သစ်ပါတီ (New Mon State Party-NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union-LDU) တို့ပါ။

အဲ့ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုဟာ မကြာခင်မှာ NCA စာချုပ်ကိုလည်း လက်မှတ်ရေးထိုးဖို့ ရှိနေတဲ့ အဖွဲ့အစည်းတွေလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)