မြန်မာပြည်မှာ တစ်ခုတည်းရှိတဲ့ ဘဲဥထုပွဲ စစ်ကိုင်းမြို့မှာ ကျင်းပနေ

0
317

မြန်မာနိုင်ငံမှာ တစ်ခုတည်းရှိတဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ဘဲဥထုပွဲကို စစ်ကိုင်းမြို့၊ ဧမြဝတီရပ်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပနေပါတယ်။

ဘဲဥထုပွဲဟာ တစ်နိုင်ငံလုံးမှာ စစ်ကိုင်းမြို့ ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရား ဘုရားပွဲတော်မှာပဲ ရှိတဲ့ တစ်ခုတည်းသော ပွဲတော် ဖြစ်ပါတယ်။

မြန်မာဘုရင် မင်းတုန်းမင်းလက်ထက်က အစေခံတပ် ကင်းသမားတွေ၊ လှေတော်သားတွေ ညာဘက် အပျော်ဆော့ကစားရင်း အချိန်ကြာလာတဲ့အခါ ရိုးရာပွဲတော်တစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ပွဲတော်မှာ နှစ်စဉ် ဘဲဥပြုတ်ဈေးသည်ပေါင်း ၅၀ နီးပါး ရောင်းချပြီး တစ်သည်ကို ဘဲဥပြုတ် အလုံး ၅၀၀ နီးပါး ကုန်ကြတယ်လို့ ပြောပါတယ်။ ပွဲတော်မှာ ညပိုင်း ၆ နာရီကနေ ညနက်ပိုင်း ၁၂ နာရီကျော် နောက်တစ်နေ့ ကူးတဲ့အထိ ရောင်းချကြတာ ဖြစ်ပါတယ်။

ဘဲဥထုတဲ့ ပုံစံကတော့ အသည်ဆီက တစ်လုံးကို ၂၀၀ ကျပ်နဲ့ ဝယ်ယူပြီး အကွဲ အနာအဆာ ပါမပါ စစ်ဆေးပြီးနောက်မှာ လူနှစ်ယောက်က ထုတာ ဖြစ်ပါတယ်။ နှစ်ယောက်ထုရာမှာ ဘဲဥကွဲတဲ့သူက အရှုံးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)