ပဲခူးမှာ ကားအရှိန်ပြီး လမ်းလယ်ကျွန်းပေါ်က လူတွေကို ဝင်တိုက်မိလို့ နှစ်ဦးသေဆုံး

0
346

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်နယ်မြေရဲစခန်းအပိုင်နယ်မြေ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် (၃၅/၄) အနီး ဟုန်းဂရူးစက်ရုံအနီးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၇ နာရီက ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့သူနှစ်ဦးဟာ အမျိုးသမီးတွေဖြစ်ပြီး ပဲခူးမြို့ကနေ ရန်ကုန်မြို့ကို မောင်းနှင်လာစဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တက်သွားပြီး လမ်းလယ်ကျွန်းပေါ်က အမျိုးသမီးလေးဦးကို ဝင်တိုက်မိခဲ့တာပါ။

အတိုက်ခံရတဲ့ အမျိုးသမီးလေးဦးမှာ နှစ်ဦးက နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပြီး ကျန်နှစ်ဦးကတော့ ပဲခူးပြည်သူ့ဆေးရုံမှာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှု ခံနေရတာ ဖြစ်ပါတယ်။

ယာဉ်ကိုမောင်းနှင်လာသူ စည်သူ (၄၀ နှစ်)ဟာ ကျိုက်ထိုမြို့၊ ဖက်ကလိပ်ရပ်ကွက်က ဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်မှာ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အင်းတကောနယ်မြေရဲစခန်းက ယာဉ်ကိုမဆင်မခြင်မောင်းနှင်ပြီး ထွက်ပြေးတဲ့ ယာဉ်မောင်း စည်သူကို ယာဉ်(ပ)၁၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ အရ အမှုဖွင့် အရေးယူထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)