ညောင်လေးပင်မှာ ၁၁၅ ကြိမ်မြောက် လုဒ်မယ်တော်သခင်မ ပွဲတော် စတင်ကျင်းပနေ

0
261

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး မြို့မ ၃ ရပ်ကွက်မှာရှိတဲ့ လုဒ်မယ်တော် ကတ်သလစ် ဘုရားကျောင်းဝန်းမှာ ၁၁၅ ကြိမ်မြောက် နှစ်စဉ် လုဒ်မယ်တော်သခင်မ ပွဲတော် ကျင်းပနေပြီ ဖြစ်ပါတယ်။

ညောင်လေးပင်မြို့ လုဒ်မယ်တော်သခင်မ ပွဲတော်အခမ်းအနားဟာ နှစ်စဉ်ကျင်းပတဲ့ ပွဲတော် ဖြစ်ပြီး အခုနှစ် အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တာပါ။

အခမ်းအနားမှာ လုဒ်မယ်တော် ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဆိုဒီယိုဂျူ(စ်)က တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာပုဂ္ဂိုလ်တွေ ဘုရားဖူးဒေသကို လာရောက်တဲ့အတွက် ကြိုဆိုကြောင်းနဲ့ နိုင်ငံအရပ်ရပ်က ဘုရားဖူးတွေလာရောက်တဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သာသနာကိုယ်စား ရန်ကုန်ဂိုဏ်းချုပ် သာသနာဘာသာ ပေါင်းစုံရေးရာ ဘုန်းတော်ကြီး Father Joseph၊ ဦးဝင်းက ဝန်ကြီးချုပ်ကို အမှတ်တရ လက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။

လုဒ်မယ်တော်သခင်မ ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ စီစဉ်ထားတဲ့အတိုင်း ကျင်းပမှာဖြစ်ပြီး ကျမ်းစာရွတ်ခြင်း၊ မြို့တွင်း မယ်တော် ဒေသစာရီလှည့်လည်ခြင်း၊ ကျမ်းစာပြိုင်ပွဲကျင်းပခြင်း စတဲ့အစီအစဉ်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာပဲ ဖြစ်ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)