မဲဆောက်မှာ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၀ ဦး အဖမ်းခံရ

0
318

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းစစ်တပ်က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့ ထိုင်း နိုင်ငံပိုင် Khasod သတင်းဌာနက ဖော်ပြခဲ့တာပါ။

တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၀ ဦးဟာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး မောင်းနှင်လာတဲ့ ကားတစ်စီးပေါ်က သစ်သားသေတ္တာထဲမှာ ပုန်းအောင်း လိုက်လာခဲ့တာဖြစ်ပြီး အပေါ်ယံမှာ ဟင်းသီးဟင်းရွက်တွေနဲ့ ဖုံးပြီး လိုက်ပါခဲ့တာပါ။

ဒါပေမဲ့ မဲစောက်မြို့မရောက်ခင် စစ်ဆေးရေးဂိတ်တစ်ခုအရောက်မှာ စစ်ဆေးရာမှာ တရားမဝင် မြန်မာနိုင်ငံသား ၁၀ ဦးကို ခုလို ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)