Kirin ဂျပန်ဘီယာ ကုမ္ပဏီက ပြည်တွင်း Mandalay ဘီယာကုမ္ပဏီကို ဝယ်ယူဖို့ စီစဉ်နေ

0
402

မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Mandalay Brewery က ထုတ်လုပ်နေတဲ့ ပြည်တွင်းထုတ် Mandalay ဘီယာကို ဂျပန်ဘီယာ Kirin ထုတ်လုပ်တဲ့ ကုမ္ပဏီက ဝယ်ယူသွားဖို့ရှိနေပါတယ်။

ဂျပန်နိုင်ငံက Nikkei စီးပွားရေးနေ့စဉ် သတင်းစာက ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

Kirin ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်းမှာ ရုံးခွဲလာဖွင့်ပြီး မန္တလေးမြို့မှာ အခြေစိုက်သွားမှာဖြစ်တယ်လို့လည်း Nikkei သတင်းစာက ဆိုပါတယ်။
Kirin က Mandalay ဘီယာကို ဝယ်ယူမယ့်ကိစ္စကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မကြာခင်မှာ စစ်ဆေး အတည်ပြုဖွယ် ရှိပါတယ်။

ဂျပန်အခြေစိုက် Kirin ဘီယာကုမ္ပဏီဟာ နယ်သာလန်ကထုတ်တဲ့ Heineken နဲ့ ဒိန်းမတ်ဘီယာ Calsberg တို့ကို ပြည်တွင်းမှာ ဈေးကွက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အာရှ-သမုဒ္ဒရာပိုင်းဒေသတစ်ဝန်း လုပ်ငန်းနယ်ပယ် တိုးချဲ့တာတွေလည်း လုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Kirin ကုမ္ပဏီဟာ မန္တလေးဘီယာအပြင် ဗီယက်နိုင်ငံက အစိုးပိုင်ကုမ္ပဏီက ထုတ်လုပ်နေတဲ့ ဆိုင်ဂုံဘီယာ (Saigon Beer)ကိုလည်း ဝယ်ဖို့ စီစဉ်နေတယ်လို့ Nikkei မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)