ပြည်သူကို ထိခိုက်နစ်နာအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးလို့ NLD ပါတီ ပြော

0
271

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထု ထိခိုက်နစ်နာအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ (၁၀) ရက်နေ့က နိုင်ငံပိုင် ရုပ်သံလိုင်းတွေနဲ့ သတင်းစာတွေကနေ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီရဲ့ မူဝါဒတွေကို ဟောပြောစဉ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ ဦးဝင်းမြင့်က NLD ပါတီဟာ မတရားမှျုွှေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေကို ခိုင်ခိုင်မာမာတွန်းလှန်ခဲ့ပေမယ့် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်တာ၊ ထိခိုက်နစ်နာအောင် မပြုလုပ်ခဲ့ဘူးလို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။ အဲ့ဒီ ဟောပြောမှုအတွင်းမှာတော့ ၁၉၈၈ ခုနှစ် ပါတီစတင်ထူထောင်ချိန်ကနေစတင်ပြီး လက်ရှိ အာဏာရရှိ မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတွေကိုပါ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)