ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာတွေ စီးလာတဲ့ ငါးဖမ်းစက်လှေမှာ စိတ်ကြွဆေးပြား ၅ သိန်း ဖမ်းမိ

0
308

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလားပင်လယ်အော်အတွင်းက မြန်မာနိုင်ငံသားတွေ စီးနင်းလိုက်ပါလာတဲ့ ငါးဖမ်းစက်လှေတစ်စီးပေါ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ ကာလတန်ဖိုး တာကာ သန်း ၁၅၀ လောက်တန်ဖိုးရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အထူး မှုခင်းတိုက်ဖျက်ရေးတပ်ဖွဲ့ RAB က ဆိုပါတယ်။

အဲဒီငါးဖမ်းစက်လှေပေါ်မှာ လိုက်ပါလာတဲ့ ကိုးဦးထဲမှာ ငါးဦးက မြန်မာနိုင်ငံသားတွေဖြစ်ပြီး လေးဦးကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်တယ်လို့လည်း RAB က ပြောပါတယ်။

အခု မူးယစ်ဆေးဝါးတွေကို ဘင်္ဂလားပင်လယ်အော်အတွင်း RAB 7 တပ်ဖွဲ့တစ်ဖွဲ့က စစ်ဆေး ဖမ်းမိခဲ့တာလို့လည်း ကော့ဘဇားမြို့က RAB တပ်ဖွဲ့မှူး ရဲမှူး ရူဟူလ်အာမင်က အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)