လက်ပံတောင်းတောင် စီမံကိန်း ဆိုင်းငံ့ဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုက်တွန်း

0
323

မြန်မာနိုင်ငံအတွင်းမှာ တပ်မတော်နဲ့ တရုတ် ကုမ္ပဏီ ဝမ်ပေါင်ပေါင်းပြီးလုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လုပ်ငန်းတွေ ဆိုင်းငံ့ထားဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ အခုလို တိုက်တွန်းခဲ့တာပါ။

လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုဖြစ်နေတာတွေကို မဖြေရှင်းနိုင်သေးသရွေ့ စီမံကိန်းအတွင်းလုပ်ကိုင်နေတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားသင့်တယ်လို့ တိုက်တွန်းထားတာပါ။

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမှာ လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တိုးချဲ့ဖို့စီစဉ်နေတာဟာ ဒေသခံထောင်ပေါင်းများစွာ ပြောင်းရွှေ့ရမယ့်အရေးဖြစ်သလို မြေညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ငလျင်နဲ့ ရေကြီးတာလို့ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ရင်လည်း အန္တရာယ်ရှိတဲ ဓာတုပစ္စည်းတွေ အလွယ်တကူးပျံ့နှံ့စေမယ့် လမ်းကြောင်းတွေ ဖြစ်လာနိုင်တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ။်

“မြန်မာနိုင်ငံဟာ လက်ပံတောင်းတောင် စီမံကိန်းအကြီးစားတွေ အသည်းအသန် လိုအပ်နေတာ မှန်ပေမဲ့ အဲဒီစီးပွားရေးတွေကြောင့် ဒေသခံပြည်သူတွေ ဆုံးရှုံးနစ်နာတာမျိုးတော့ မဖြစ်သင့်ပါဘူး။ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေး ဖြေရှင်းပေးတာမျိုး မလုပ်ပေးနိုင်သေးသရွေ့ ဒီစီမံကိန်းတွေကို အစိုးရက ကြားဝင် ကိုင်တွယ်ပြီး ဆိုင်းငံ့ပေးဖို့ လိုပါတယ်”လို့လည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ သုတေသီ မာ့ခ် ဒွန်မက်က အစီရင်ခံစာမှာ ပြောကြားထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံက ဝမ်ပေါင်ကုမ္မဏီက ဆောင်ရွက်နေတာဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဆန္ဒပြတဲ့ ဒေသခံနဲ့ သံဃာတော်တွေက ရဲတွေက မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့သလို ၂၀၁၄ မှာလည်း ခြံခတ်နေစဉ်အတွင်း ဆန္ဒပြသူတွေကို ရဲက ပစ်ခတ်ရာမှာ တောင်သူ ဒေါ်ခင်ဝင်းကို ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)