ပဲခူးမှာ နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ လမ်းသစ်ဖွင့်လှစ်

0
316

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာအုပ်စု၊ တောင်သူစုကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ကွန်ဂရစ်လမ်းသစ် ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။

ကွန်ဂရစ်လမ်းသစ်ဟာ အလျား ပေ ၈၀၀၊ အကျယ် ၁၀ ပေ၊ အမြင့် ၈ လက်မ ရှိပြီး ကိုရီးယားနိုင်ငံ မြန်မာဆယ်မားအူးလ်အွန်ဒုန်းကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းနဲ့အတူ တောင်သူစု ကျေးရွာ ပရဟိတ ဆရာတော် ဦးကိတ္တိ ဦးဆောင်ပြီး ကျေးရွာနေပြည်သူတွေ စုပေါင်းထည့်ဝင်တဲ့ ငွေကျပ် ၁၁၂ သိန်းနဲ့ ဖောက်လုပ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးနိုင်ဦးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ တောင်သူစုကျေးရွာ ပရဟိတဆရာတော် ဦးကိတ္တိက သြဝါဒစကား မိန့်ကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်က ကွန်ဂရစ်လမ်းသစ်နဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

တောင်သူစုကျေးရွာအဝင်မှာ ကွန်ဂရစ်လမ်းဖောက်လုပ်ပြီးစီးသွားတဲ့အတွက် ဒေသခံတွေအနေနဲ့ ပဲခူးမြို့အပါအဝင် ကတွင်းခြံ၊ စိုင်တီ၊ မုက္ကလ၊ ကျိုက်ပဒိုင်၊ တာဝ စတဲ့ကျေးရွာတွေကို ရာသီမရွေး သွားလာနိုင်ပြီ ဖြစ်ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)