ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာမှာ မိုးပျံပူးဖောင်းကွင်းဆောက်မယ့် စီမံကိန်းကို ကန့်ကွက်ဆန္ဒ

0
353

ရန်ကုန်မြို့၊ ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာမှာ မိုးပျံပူးဖောင်းဆင်းကွင်းဆောက်မယ့် ကိစ္စကို ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၇ နာရီမှာ ပြည်သူတွေ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ပြည်သူအင်အား ၅၀ လောက်က ပါဝင် ကန့်ကွက်ခဲ့ကြတာပါ။

အဲဒီ စီမံကိန်းဟာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့လွှတ်တဲ့ Hydrogen Balloon မိုးပျံပူးဖောင်းဆင်းတဲ့ ကွင်းလုပ်မှာ ဖြစ်ပြီး အကျယ် စတုရန်းပေ ၄ သောင်းရှိပြီး အဲဒီ ဧရိယာအတွင်းမှာရှိတဲ့ အပင် ၂၆ ပင်ကို ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)