နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ တိုက်ရိုက်ထုတ်လွှင့်မယ်

0
317

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ကျရောက်တဲ့ နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မြန်မာရုပ်မြင်သံကြားနှင့် မြန်မာ့အသံ(MRTV) ရုပ်သံနဲ့ ရေဒီယိုကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပပုံကို နံနက် ၆ နာရီ မိနစ် ၄၀ ကစပြီး နေပြည်တော် မြို့တော်ခန်းမ ရင်ပြင်ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၆ နာရီမှာလည်း နေပြည်တော်ရှိ မြို့တော်ခန်းမမှာ လုပ်မယ့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဧည့်ခံပွဲနဲ့ ညစာစားပွဲ အခမ်းအနားမှာ တင်ဆက်ဖျော်ဖြေမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ယဉ်ကျေးမှုအဖွဲ့တွေရဲ့ တိုင်းရင်းသားရိုးရာ အကပဒေသာတွေကိုလည်း ညနေ ၆ နာရီ ၄၅ မိနစ်ကစတင်ပြီး မြန်မာ့ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးသား ရုပ်သံလိုင်းကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)