ဂ်ပန္ ႏိုင္ငံျခားေရး ဝန္ႀကီးက ႐ိုက္တာ သတင္းေထာက္ႏွစ္ဦး ကိစၥ ေျပာဆိုမယ္

0
2088

ျမန္မာႏိုင္ငံကို မၾကာခင္ လာေရာက္ လည္ပတ္မယ့္ ဂ်ပန္ႏိုင္ငံျခားေရး ဝန္ႀကီး တာ႐ို ကိုႏိုက ဖမ္းဆီးခံထားရတဲ့ ႐ိုက္တာ သတင္းေထာက္ ႏွစ္ေယာက္ ကိစၥ အခြင့္သင့္ရင္ ေျပာဆိုမွာ ျဖစ္တယ္လို႔ ဂ်ပန္ကက္ဘိနက္ အတြင္းေရးမႉးခ်ဳပ္ ယိုရွီဟီေဒ ဆူဂါက ေျပာပါတယ္။

႐ိုက္တာ သတင္းေထာက္ ႏွစ္ေယာက္ျဖစ္တဲ့ ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ကို မေန႔က ဇန္နဝါရီ ၁၀ ရက္ေန႔ ႐ံုးထုတ္မွာ ျမန္မာႏိုင္ငံ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ တရားစြဲခဲ့ပါတယ္။

ႏိုင္ငံျခားေရး ဝန္ႀကီး ကိုႏိုဟာ သူ႔ရဲ႕ ျမန္မာႏိုင္ငံ ခရီးစဥ္အတြင္း ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္တို႔နဲ႔ ေတြ႔ဆံုမွာ ျဖစ္ပါတယ္။
………………… ။ ။ …………………

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ရိုက်တာ သတင်းထောက်နှစ်ဦး ကိစ္စ ပြောဆိုမယ်

မြန်မာနိုင်ငံကို မကြာခင် လာရောက် လည်ပတ်မယ့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာရို ကိုနိုက ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက် ကိစ္စ အခွင့်သင့်ရင် ပြောဆိုမှာ ဖြစ်တယ်လို့ ဂျပန်ကက်ဘိနက် အတွင်းရေးမှူးချုပ် ယိုရှီဟီဒေ ဆူဂါက ပြောပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မနေ့က ဇန်နဝါရီ ၁၀ ရက်နေ့ ရုံးထုတ်မှာ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ကိုနိုဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)