႐ိုးသားေျဖာင့္မတ္မႈရွိရင္ ဘာမွ ဂ႐ုစိုက္စရာ မလိုဘူးလို႔ မန္းေဂ်ာ္နီ ေျပာ

0
2063

က်န္ရွိတဲ့ ဝန္ႀကီးေတြ အေနနဲ႔ ႐ိုးသားေျဖာင့္မတ္စြာ အလုပ္လုပ္ၾကဖို႔နဲ႔ ႐ိုးသားေျဖာင့္မတ္မႈ ရွိတယ္ဆိုရင္ ဘယ္အရာကိုမဆို ဂ႐ုစိုက္စရာ မလိုဘူးလို႔ ႏုတ္ထြက္ခြင့္ရၿပီျဖစ္တဲ့ ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီက ေျပာပါတယ္။

ဒီေန႔ ဇန္နဝါရီလ ၁၁ ရက္ေန႔ မနက္ပိုင္းက တိုင္းအစိုးရ႐ံုး အစည္းအေဝးခန္းမမွာ ဝန္ႀကီးေတြကို ေခၚယူေတြ႔ဆံုတဲ့ အစည္းအေဝးမွာ အဲဒီလို ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ တိုင္းဝန္ႀကီးခ်ဳပ္ လစ္လပ္ေနစဥ္အတြင္း အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးေတြ ဝိုင္းဝန္းထိန္းေၾကာင္း ကိုင္တြယ္ၾကမယ္လို႔ တိုင္းအစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီနဲ႔ ဧရာဝတီတိုင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သယံဇာတႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဦးဘဟိန္းတို႔ကို ဇန္နဝါရီလ ၉ ရက္ေန႔မွာ ရာထူးကေန ႏုတ္ထြက္ခြင့္ျပဳခဲ့ပါတယ္။
………………….. ။ ။ ………………….

ရိုးသားဖြောင့်မတ်မှုရှိရင် ဘာမှ ဂရုစိုက်စရာ မလိုဘူးလို့ မန်းဂျော်နီ ပြော

ကျန်ရှိတဲ့ ဝန်ကြီးတွေ အနေနဲ့ ရိုးသားဖြောင့်မတ်စွာ အလုပ်လုပ်ကြဖို့နဲ့ ရိုးသားဖြောင့်မတ်မှု ရှိတယ်ဆိုရင် ဘယ်အရာကိုမဆို ဂရုစိုက်စရာ မလိုဘူးလို့ နုတ်ထွက်ခွင့်ရပြီဖြစ်တဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက တိုင်းအစိုးရရုံး အစည်းအဝေးခန်းမမှာ ဝန်ကြီးတွေကို ခေါ်ယူတွေ့ဆုံတဲ့ အစည်းအဝေးမှာ အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တိုင်းဝန်ကြီးချုပ် လစ်လပ်နေစဉ်အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဝိုင်းဝန်းထိန်းကြောင်း ကိုင်တွယ်ကြမယ်လို့ တိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ဇန်နဝါရီလ ၉ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)