ေကာ့ေသာင္းမွာ ႏိုင္ငံသားစိစစ္ေရး ကတ္ျပား အတု ၅ ခု ဖမ္းမိ

0
2144

တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕မွာ ႏိုင္ငံသား စိစစ္ေရးကတ္ျပား အတု ၅ ခုကို ဇန္နဝါရီလ ၉ ရက္ေန႔က သိမ္းဆည္းရမိပါတယ္။

သတင္းေပးခ်က္အရ ၿမိဳ႕နယ္ လဝက ဦးစီးမႉး ဦးေစာဝင္းၾကည္နဲ႔ အဖြဲ႔က ေဒၚစန္းစန္းေဌးရဲ႕ ေနအိမ္ကို ဝင္ေရာက္ စစ္ေဆးခဲ့ရာမွာ ဟိန္းေဇာ္သူ (၂၄ ႏွစ္) ဆီက ႏိုင္ငံသား စိစစ္ေရးကတ္ျပား အတု ၅ ခု ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

ၿမိဳ႕နယ္ လဝက ဦးစီးမႉး ဦးေစာဝင္းၾကည္က တိုင္တန္း အပ္ႏွံတဲ့အတြက္ ဟိန္းေဇာ္သူကို ေကာ့ေသာင္းၿမိဳ႕မရဲစခန္းက လိမ္လည္မႈ/စာရြက္စာတမ္း အတုျပဳလုပ္မႈနဲ႔ အမႈဖြင့္ စံုစမ္းေနပါတယ္။
…………………… ။ ။ ………………………

ကော့သောင်းမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြား အတု ၅ ခု ဖမ်းမိ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ နိုင်ငံသား စိစစ်ရေးကတ်ပြား အတု ၅ ခုကို ဇန်နဝါရီလ ၉ ရက်နေ့က သိမ်းဆည်းရမိပါတယ်။

သတင်းပေးချက်အရ မြို့နယ် လဝက ဦးစီးမှူး ဦးစောဝင်းကြည်နဲ့ အဖွဲ့က ဒေါ်စန်းစန်းဌေးရဲ့ နေအိမ်ကို ဝင်ရောက် စစ်ဆေးခဲ့ရာမှာ ဟိန်းဇော်သူ (၂၄ နှစ်) ဆီက နိုင်ငံသား စိစစ်ရေးကတ်ပြား အတု ၅ ခု ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

မြို့နယ် လဝက ဦးစီးမှူး ဦးစောဝင်းကြည်က တိုင်တန်း အပ်နှံတဲ့အတွက် ဟိန်းဇော်သူကို ကော့သောင်းမြို့မရဲစခန်းက လိမ်လည်မှု/စာရွက်စာတမ်း အတုပြုလုပ်မှုနဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)